Welcome to AungWin.com !
image

 

 

Gita Withawdani Mahagita Songs !

Sayagyi U Pyone Cho's Mahagita Songs !

မြန်မာသီချင်းကြီး ဂီတ၀ါသနာရှင်များ မဟာဂီတကျမ်းများ ရှာဖွေနေရမည့် အခက်အခဲအား လွယ်လင့်တကူ ရရှိနိုင်ရန်၊ မြန်မာရှေးသီချင်းကြီး များ၏ စာသားများ မပျောက်စေရန်နှင့် အခွင့်ရှိတိုင်း သီဆို တီးမှုတ်နိုင်ရန်၊ PDF format ဖြင့် ကျနော့် ဆိုက်ပေါ်တင်ထားခဲ့ပါတယ်။ လွယ်ကူစွာ တပုဒ်စီ ရွေး၍ ရိုက်နှိပ်နိုင်ရန်လည်း၊ ပြုလုပ်ထားပါသည်။ မြန်မာ့ဂီတအကြောင်း အရာ များကို ကျနော်၏ ဆိုက်မှ တဆင့် မျှဝေလိုပါကလည်း၊ ကျေးဇူးအထူးတင်ပါကြောင်း။

 

 

 

 

How to play Myanmar Songs by piano !

စန္ဒရားဝါသနာရှင်များအတွက်၊ မြန်မြန်နှင့် ခရီးရောက်စေမည့် စန္ဒရား ဗဟုသုတ များနှင့် အခြေခံ စန္ဒရားတီးနိုင်မည့်နည်း (Tip and Tricks) များကို၊ ကျနော်၏ နိုင်ငံ အရပ်ရပ်မှ သိခဲ့သမျှ၊ အချိန်သက်သာပြီး ထိရောက်စေမည့် လေ့လာနည်းများဖြင့်၊ လက်လှမ်း မှီသမျှ၊ ဖေါ်ပြပေးသော၊ video များဖြစ်ပါသည်။ မြန်မာ လူငယ်များ မြန်မာသီချင်းများကို နှစ်သက်သူများရှိသော်လည်း၊ အချိန်ပေး၍ လေ့လာမည့်သူ နည်းပါးလာချိန်တွင်၊ ကျနော်၏ သိသမျှပြောပြပါရစေ အစီအစဉ်က၊ အချိန်သက်သာ၍ ထိထိမိမိ လေ့လာနိုင်ရန် အထောက်အကူ ပြုပေလိမ့်မည်ဟု ယုံပါသည်။ မိမိ၏ လက် ဆယ်ချောင်းကို၊ မိမိသွားလိုရာ လွယ်လွယ်ကူကူသွားနိုင်အောင်၊ လေ့ကျင့်ထား ရန်သာ လိုပါသည်။ အသိပညာအား ပြောသည်နှင့် သိနိုင်သော်လည်း အတတ်ပညာ အတွက်ကိုမူ၊ မိမိကိုယ်တိုင် လေ့ကျင့်မှ၊ ဖြစ်ပေလိမ့်မည်။ မိမိ ကိုယ်တိုင် လေ့လာရသော self-learning program ဖြစ်သော်လည်း၊ နိုင်ငံရပ်ခြားမှ စန္ဒရားဝါသနာ ရှင်များ၊ အဆင်ပြေကြောင်း သိရပါသည်။

 

How to play the piano for Myanmar Songs

 

 

 

Piano music with Myanmar songs !

မြန်မာသံ စန္ဒရားတီးဟန်မှာ အခြားနည်းဟန်များနှင့် မတူဘဲ၊ ထူးခြားနေပေသည်။ အနောက်တိုင်း တေး သီချင်းများကို တီးကြသော စန္ဒရားတီးသူများက၊ အခြေခံ မြန်မာသံ တီးနည်းကို မေးမြန်းလေ့ ရှိကြရာ၊ မြန်မာတေးများနှင့် စန္ဒရား တီးကွက်များကို ကြည့်ရှုခြင်းဖြင့်၊ မြန်မာဟန်၏ ကွဲပြား ခြားနားမှုများအား၊ သိသိသာသာ မြင်နိုင်ရန်၊ မြန်မာတေးများနှင့် စန္ဒရားလက်ကွက် အခန်းအား၊ တင်ပြအပ်ပေသည်။

 

Hard-to-find Myanmar Piano Style with Myanmar Songs

 

 

 

Myanmar Ah Nyeint and Myanmar Pianist!

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ရက်မှာ B.A.B Group က၊ စီစဉ်တဲ့ NYနှင်းဆီ အငြိမ့်ပွဲ နယူးယောက်မှာ ပြုလုပ် ခဲ့ပါတယ်။ ဂျင်းနီ၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနှင့် မင်းသား တင်မောင်ဆန်းမင်းဝင်း တို့ ပါဝင် ခဲ့ပါတယ်။ တေးဂီတကို ကျနော်က အငြိမ့် ပြဇာတ် တေးဂီတ နှင့် နှစ်ပါးခွင် အစီအစဉ်အားလုံး၊ ကန့်  လန့် ကာ မဖွင့်မီမှစပြီး ပိတ်သွားတဲ့အထိ၊ စန္ဒရား Keyboard တွေနဲ့  One-Man Band တီးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ရက်မှာ နောက် တစ်ကြိမ် B.A.B Group ကဘဲ၊ အငြိမ့်ပွဲသွင်းခဲ့ပြန်ပါတယ်။ မိုးမိုး၊ ထွန်းထွန်း၊ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ဆုပန်ထွာနှင့် နီနီဝင်းရွှေ တို့ ပါဝင် ခဲ့ကြပါတယ်။ ရှေးအခါက စန္ဒရားအငြိမ့် ကဲ့သို့  အမေရိကားမှာ၊ စန္ဒရား One-Man Band နဲ့  အငြိမ့်ပွဲများ၊ အောင်မြင်ခဲ့ပါကြောင်းနှင့် B.A.B အဖွဲ့ မှ လူငယ်များ၊ အငြိမ့်ပွဲ နှစ်ပွဲလုံး မှ မြတ်ငွေများကို၊ စင်ပေါ်တွင်ပင်၊ မြန်မာပြည်မှ ပရဟိတ အဖွဲ့ များသို့  ချက်ချင်း လှူဒါန်း ခဲ့ကြ ပါကြောင်း ဖေါ်ပြအပ်ပါသည်။

 

 

Myanmar Traditional Dance and One-man Band by Myanmar Pianist

 

 

Myanmar Saing Wine !

မြန်မာ့ဂီတ ၀ါရင့်တေးသံရှင် အမေ ဒေါ်အောင်ကြည် ကြီးကြပ်၍ စန္ဒရား(ဦး)မောင်ရည်နွယ် တင်ဆက်သော မဟာဂီတတေး သီချင်းကြီးများ

 

Myanmar Mahagita ( Myanmar classic songs ) by Sandaya Maung Yee Nwe

Myanmar Harp !

အလင်္ကာကျော်စွာ စောင်း ဦးဘသန်း၏

စောင်း နှင့် ပတ္တလား လက်သံများ

 

Myanmar harp and xylophone solo by Ahlinkar Kyawswer Saung U Ba Than ( Myanmar harpist )

Click to listen ! စန္ဒရား ဂီတလုလင် မောင်ကိုကို အပါအ၀င် မြန်မာတူရိယာ ပညာရှင်များ နှင့် အတူ နိုင်ငံကျော်တေးသံရှင် တင်တင်မြ မစိမ်းစိမ်း စောင်း မူမူခင် တို့  သီဆိုခဲ့ကြသော မဟာဂီတသီချင်းကြီးများ
 

Myanmar Mahagita songs by Tin Tin Mya, Ma Sein Sein, Saung ( Myanmar harp)  Mu Mu Khin -

Piano Music by Gita Lulin Maung Ko Ko

စောင်း ဦးမြင့်မောင်နှင့် နိုင်ငံကျော်တေးသံရှင် ရီရီသန့် 

စောင်း နှင့်သီဆိုထားသော မဟာဂီတသီချင်းကြီးံများ

 

Myanmar Mahagita songs by Yee Yee Thant, Myanmar harp music by Saung U Myint Maung

Click to listen ! စန္ဒရား ဦးရည်နွယ်၏ ပတ္တလား လက်သံ နှင့် အတူ နိုင်ငံကျော် တေးသံရှင် ရီရီသန့်  သီဆိုထားသော မဟာဂီတသီချင်းကြီးများ
 

Myanmar Mahagita songs by YeeYee Thant, piano and xylophone music by Sandaya Ko Yee Nwe

နိုင်ငံကျော်တေးသံရှင် ပြည်လှဖေ သီဆိုခဲ့သော ခေတ်ဟောင်း တေးများကို မူလဓါတ်ပြားအတိုင်း ပြန်လည် တင်ပြသည်။

 

Myanmar Old Songs, sang by Pyay Hla Pe

Click to listen !

နိုင်ငံကျော်တေးသံရှင် မေရှင် (ဒေါ်) သီဆိုခဲ့သော ခေတ်ဟောင်း တေးများကို မူလဓါတ်ပြားအတိုင်း ပြန်လည် တင်ပြသည်။

 

Myanmar Old Songs, sang by May Shin

Click to listen !

နိုင်ငံကျော်တေးသံရှင် အကယ်ဒမီ ၀င်းဦး  သီဆိုခဲ့သော ခေတ်ဟောင်း တေးများကို မူလ အတိုင်း ပြန်လည် တင်ပြသည်။

 

Myanmar Old Songs by Academy Win Oo

   

နိုင်ငံကျော်တေးသံရှင် တေးရေးဆရာ  ကိုသန်းလှိုင် သီဆိုခဲ့သော ရေဒီယို တေးများကို မူလ ဓါတ်ပြား အတိုင်းပြန်လည် တင်ပြသည်။

 

Myanmar Classic Old Songs by Ko Than Hlaing

နိုင်ငံကျော်တေးသံရှင် တေးရေးဆရာ  ကိုမြကြီး သီဆိုခဲ့သော ရေဒီယို တေးများကို မူလ ဓါတ်ပြား အတိုင်းပြန်လည် တင်ပြသည်။

 

Myanmar Classic Old Songs by Ko Mya Gyi

Click to listen !

နိုင်ငံကျော်တေးသံရှင်ကြီးများ သီဆိုခဲ့သော ရေဒီယို တေးများကို မူလ ဓါတ်ပြား အတိုင်းပြန်လည် တင်ပြသည်။

 

Well-known Myanmar Radio Songs by famous Myanmar singers

image

Sandaya Aung Win, Khin Maung Toe, Mie Mie Win Pe, Zaw Myo Htut !

 

Khin Maung Toe's Music Show, Mie Mie Win Pe, Academy Zaw Myo Htut and Sandaya Aung Win on  Dec 18, 2011 in Maryland.

image

Jenny, Tun Tun, Kyaw Kyaw Bo, Tin Maung San Min Win, Aung Win !

 

Myanmar Anyeint by BAB Group - Jenny, Tun Tun, Kyaw Kyaw Bo, Tin Maung San Min Win, Sandaya Aung Win ( Aug 13,2011 ) New York.

image

Myanmar Dance, Music, Songs and Comedy show !

Myanmar Traditional Dance, Myanmar Songs, Myanmar Instrumental Music and Myanmar Comedy talk-show

__________________________________________________________________________

( Click to Order DVD )

image

The Myanmar American Medical Education Society, Inc.   

Annual Gala  ( 2009 )

 

Click to see President Speech !                               

              ( President Speech)                   ( Click here to see Video Clips)      ( Click here to see Photo Gallery)

 

 

image